VERSE 1
ကိုယ်တော်ရှင် ဤမြေတွင် ကျင်လည်စဉ်ခါ
အဘယ်သူဟာ သူ့အတွက်ရပ်တည်
ကျမ်းတတ်တဲ့ပုဂ္ဂိုလ် ဖာရိရှဲတို့ပင်
ကိုယ်တော်ကို မုန်းကြလေပြီ
VERSE 2
လူတွေအမြင် ကိုယ်တော်ရှင် လိမ်လည်သူပါ
ကိုယ်တော်ဟာ ဘုရားသား မဟုတ်ပါ
ကျမ်းတတ်တဲ့ပုဂ္ဂိုလ် ဖာရိရှဲတို့ပင်
ကိုယ်တော်ကို အပြစ်စွပ်စွဲပြီ
CHORUS
ထောင်သောင်းမက လူတွေများရဲ့ အလယ်မှာ
ကိုယ်တော်ရှင်ကို အပြစ်ရှာကြပြီ
လက်ဝါးကားတိုင်မှာ သတ်ချင်သူတွေသာများ
လူတွေအတွက် ညှင်းဆဲခံရပြီ
VERSE 3
ဒီအချိန်တွင် ကိုယ်တော်ရှင် ပြန်လာချိန်မှာ
ဘယ်သူဟာ သူ့ဘက်ရပ်တည်
နောက်ဆုံးသောနေ့ရက်ဟာ ရောက်လုနီးပြီ
ကိုယ်တော်ကို မုန်းဆဲပင်လား
VERSE 4
နေမ၀င်ခင် ဤမြေပေါ်ကျင်လည်သူများ
ကိုယ်တော်ထံ ဆက်ကပ်မှသာ
မိုးလင်းမယ့် မနက်ဖြန်သည် ငြိမ်းချမ်းလိမ့်မယ်
ကိုယ်တော်ကို လက်ခံသင့်ပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.