နာရီတစ်လုံးရဲ့ အချိန်လေးတွေ
နာရီလက်တံ စက္ကန့်လေးတွေ
တနေ၀င် တနေထွက် ရွက်ဝါလေးတွေ
ကြွေနေချိန်တောင် ရောက်ခဲ့ပြီ
ပင်စည်အကိုင်းအခက် ထိပ်ဖျားက
ရွက်နုလေးတွေ ထွက်လာရင်
သေချာပါပြီ သူလာဖို့ သိပ်နီးနေပြီ
ကိုယ်စီရှိတဲ့ သံယောဇဉ်တွေ
ရင်မှာအချစ်ရဲ့ နောက်ဆက်တွဲတွေ
ဘယ်သူကျောခိုင်းသွားနိုင်မလဲကွယ်
အစေခံလမ်းက အရမ်းကြမ်းတယ်
ဆိုးညစ်တဲ့ ဘ၀ခရီးအတွက်
အသက်ကိုတောင် စွန့်ရမယ်
အစေခံလမ်း ကြမ်းတမ်းလွန်းတယ်
No comments:
Post a comment
Note: only a member of this blog may post a comment.