VERSE 1
သင့်ကြောင့် ထိမိ၍ လဲစရာ မကြုံစေနဲ့
ဖြည်းညှင်းသောစကားလေးများကို သုံးဆောင်ပါ
နှိမ့်ချတဲ့ စိတ်ဓါတ်ကလေးတွေ မွေးမြူပါ
သင်ဘယ်သူလဲ ဟေ့
VERSE 2
ကြမ်းတမ်းတဲ့ လုပ်ရပ်လေးတွေ ရှောင်ကြဉ်ပါ
ရိုးသားတဲ့စိတ်ဓါတ်လေးကို ၀တ်ဆင်ပါ
စွဲစွဲမြဲစွဲမှတ်ထားမယ် ဒို့တတွေပါ
လူတိုင်း ဖတ်တဲ့ စာ
CHORUS
စာ မင်နဲ့ရေး စာတွေ မဟုတ်ဘူး
စာ ဟိုဒီ ကျောက်စာတွေ မဟုတ်ဘူး
နှလုံးသားမှာ ရေးထားတဲ့ ခရစ်တော်ရဲ့စာတွေပဲ
ကဲ့ရဲ့ခြင်း ရှုတ်ချခြင်းတွေ ရှောင်ကြဉ်ပါ
ယုတ်ညံ့တဲ့ စိတ်ဓါတ်လေးတွေ ဘေးဖယ်ထား
ဝမ်းမြောက်မည့် သတင်းကောင်းကို ဖြန့်ဝေပါ
သခင်ဘုရားရေးတဲ့ စာ
VERSE 3
သိလျက်နဲ့ လမ်းလွဲသောသူ မြင်လာရင်
ဖေးမပြီး လမ်းတည့်ပေးပါလား
အလင်းထဲသို့ ဖြားယောင်းသွေးဆောင် လမ်းညွှန်ပါ
သင်ဘယ်သူလဲ ဟေ့
VERSE 4
အချင်းချင်းချစ်၍ ဘုရားအမှုတော် ကူညီပါ
ကွဲပြားသော တွေးဆမှုတွေ လွှဲရှောင်ပါ
ရိုင်းပင်းတဲ့ စိတ်ဓါတ်လေးတွေ ပွားစေပါ
လူတိုင်း ဖတ်တဲ့ စာ
No comments:
Post a comment
Note: only a member of this blog may post a comment.