Key: D
Intro: Bm A G Bm A G
VERSE 1
Bm A Bm G Bm A G
အမြဲကြင်နာလွန်းတဲ့ ချစ်သော မေမေ
Bm A Bm G Bm A G
မေမေ အကြင်နာမေတ္တာ တကယ်ကို မခမ်းခြောက်နိုင်ဘူး
G D A Gbm G
ကြည်လင်အေးမြတဲ့ စမ်းရေလို တသွင်သွင်စီးဆင်း အမြဲရှိနေ
Em Gbm Bm G
ထာဝစဉ်ပေးဆပ်ရင်းနဲ့ တဖက်သတ် ချစ်တဲ့သူ
Bm A G
သမိုင်းတင်လောက်တဲ့အမေ
CHORUS 1
D A Bm A
မေမေ ဆိုဆုံးမခဲ့တဲ့ သွန်သင်စကားလုံးလေးတွေရှိတယ်
G D
ပတ္တမြားထက်တောင် အဖိုးထိုက်တန်သေး
G Gbm Bm Em A
ဖြူစင်ရိုးသားသူများ အကြင်နာသစ္စာတရားရှိအောင် ရင်သွေးများကို သူ ပျိုးထောင်
D A Bm A G D
ပညာဥာဏ်များ ဆည်းပူးဖို့ နာခံခြင်းများရှိစေဖို့ ဘုရားမြတ်ထံ တောင်းဆုခြွေခဲ့
G Gbm Bm
ပူလောင်သောကကြုံလည်း မေမေ ကြိတ်မြိုသိပ်ထားတယ်
Em A D
အစဉ်လေးစား ဂုဏ်ယူမိတယ်
Solo: D A Bm G D G A Bm A E7 A
VERSE 2
အမြဲတည်ကြည်လွန်းတဲ့ ချစ်သော မေမေ
ဘ၀လေမုန်တိုင်းများ ရင်ဆိုင် ရုန်းခဲ့ရှာတယ်
ဘယ်လိုကြမ်းတမ်းခက်ထန်လည်း ငြူစူညည်းတွားခြင်း မရှိပါ
ရင်ဝယ်သားသမီးများကို အပြုံးနဲ့ နှစ်သိမ့်သူ
သမိုင်းတင်လောက်တဲ့ မေမေ
CHORUS 2
ပင်လယ်ပြင်ကြီးခမ်းသွားဦး နဒီချောင်းများ ပြောင်းပြန်စီးပါစေ
မေမေ့မေတ္တာ မခမ်းခြောက်နိုင်ဘူး
နေဆယ်စင်းထွက်ပါစေဦး ဝေဟင်ကောင်းကင်မီးစွဲပါစေ မေမေ့မေတ္တာ မကုန်ခမ်းနိုင်
ကန္တာရကြီး စိမ်းလန်းဦး တောင်ပြာတန်းကြီး ပျက်ကြွေဦး မေမေ့မေတ္တာမပြောင်းလဲနိုင်ဘူး
မေမေငြိမ်းချမ်းပါစေ မေမေ ဘေးရန်များကင်းစေ
ဘုရားမြတ်ထံ ဆုတောင်းနေ
No comments:
Post a comment
Note: only a member of this blog may post a comment.