>>>Download [အလင်းတွေ့ချိန်]
VERSE 1
သောင်ပြင်မှာ ခြေရာလေးနှစ်ခုတော့တွေ့တယ်
ကိုယ်တော်ရှင် ငါ့ရဲ့နံဘေးမှာ
ရင်မှာ ကြည်နူးခြင်းများနဲ့ လမ်းဆက်လျှောက်စဉ်ခါ
ဘ၀ရဲ့ခရီးစဉ်ထဲ မုန်တိုင်းကျရောက်စဉ်ခါ
VERSE 2
သောင်ပြင်မှာ ခြေရာလေးတစ်ခုပဲတွေ့တယ်
ကိုယ်တော်ရှင် ထွက်သွားပြီလားကွယ်
ရင်မှာ ကြေကွဲခြင်းများနဲ့ မေးလိုက်မိစဉ်ခါ
ငါ့ရဲ့ ခရစ်တော်ရှင် အဖြေစကားလေးတစ်ခွန်းခြွေကာ
CHORUS
ငါ ဒုက္ခရောက်စဉ်တုန်းမှာ
ငါ လမ်းမှားခဲ့စဉ်တုန်းမှာ
ရန်ဘေးအပေါင်းမှ ယေရှုဘုရား ပွေ့ချီကာ
သူ စောင့်ရှောက်ခဲ့အချိန်တိုင်းမှာ
သူ လမ်းပြခဲ့အချိန်တိုင်းမှာ
ငါသိခဲ့ရ ယေရှုမြတ်ရဲ့အကြင်နာ
နောင်တရားတွေ ရင်ခွင်မှာ
အသိတရားတွေ ရင်ခွင်မှာ
ထာဝစဉ်စွဲမြဲ ခိုင်မာခဲ့ပြီ (သေချာစွဲပြီ) ဒီသင်ခန်းစာ
No comments:
Post a comment
Note: only a member of this blog may post a comment.