[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
လောကရဲ့လမ်းပေါ်မှာ
လျှောက်သွားရင်း
ဘ၀တစ်ခုရဲ့
အဓိပ္ပါယ်ကို ရှာကြည့်တဲ့အခါ
နေရောင်အောက်က
အနတ္တအဖြစ်အပျက်တွေ
မရေရာ
စမ်းတ၀ါးဝါး အနာဂတ်ဟင်းလင်းပြင်
လူကိုကိုးစားခြင်း
ငွေကိုတပ်မက်ခြင်း
သံသရာလှည့်စားမှုတွေကြား
VERSE
2
ခါးသီးတဲ့မျက်ရည်ကို
သောက်သုံးရင်း
ဝမ်းနည်းမှုပုံရိပ်များ
ညစ်စွန်းလို့ကျန်
ပူပန်သောက
လောဘမီးတောက်တွေ
ဝေဒနာအခိုးအငွေ့များ
ပူဆွေးနှလုံးသားမှာ
မနာလိုမုန်းတီးခြင်း
ရန်ကိုတိုးပွားခြင်း
လူတွေ
အတ္တ ရမ္မက်တွေကြား
CHORUS
ပြန်လည်ကာ
ပြုပြင်ပါ ဒို့ရဲ့ကမ္ဘာသစ်လေးကို
ပါဝင်ကာ
အလှဆင်ပါ ကူညီရိုင်းပင်းလုပ်ဆောင်ကြ
ဒီကမ္ဘာလူသားများ
ဘ၀ရဲ့အဓိပ္ပါယ်တစ်ခု
ရှင်သန်ရန်
ကြိုးစားဆောက်တည်စို့
(ကမ္ဘာမြေကို
အကောင်းဆုံးအလှဆင်စို့)
No comments:
Post a comment
Note: only a member of this blog may post a comment.