[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
အမှောင်ယံအလယ်မှာ
ငိုရှိုက်သံ ဝေဒနာတွေကို ခံစားရှာ
ဖေးမမယ့်သူ
မရှိဘူး အဖော်မဲ့ကာ တစ်ယောက်တည်းအထီးကျန် ပူဆွေးနေ
ဝမ်းနည်းမျက်ရည်
အပူမီး ငြိမ်းပေးမယ့်သူမရှိ
ရင်မှာ
သောကမီးတောက်များ ဒဏ်ရာ ဖိစီးမှုတွေနဲ့
VERSE
2
ဝေဟင်ယံကို
မျှော်ကြည့်ကာ ရောင်စဉ်တွေကို မျှော်လင့်ရှာ
အားပေးမယ့်သူ
မရှိဘူး အမှောင်ထုမှာ ရည်မှန်းချက်တွေ ပျောက်ဆုံးနေ
လောကအလင်းရှင်
ကြယ်စင်လေး လင်းလက်ထွက်ပေါ်ခဲ့
ယုံကြည်ခြင်းရဲ့အားမာန်များ
ရင်မှာ နိုးထခဲ့လေပြီ
CHORUS
အရာရာကို
အစပြုဆောက်တည်ဖို့ ခိုလှုံရာ ကယ်တင်ရှင်အရိပ်မှာ
လွတ်လပ်မှုတွေနဲ့
ပြန်လည်ကာ ကြိုးစားအသက်ရှင်ရင်
အမှောင်ကမ္ဘာကို
စွန့်လွှတ်ထွက်ခွါဖို့ ယုံကြည်ရာ ရောင်စဉ်တွေနဲ့အတူ
ဘ၀သစ်အလင်းရောင်ကို
ကယ်တင်ရှင်ပေးသနားခဲ့လေပြီ ဘ၀ခရီးမှာ
No comments:
Post a comment
Note: only a member of this blog may post a comment.