[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
ညှင်းဆဲကြပါစေ
နာကျင်နေလည်းပဲ
သူလေ
ခွင့်လွှတ်လို့ ခေါင်းငုံ့ခံခဲ့
ကဲ့ရဲ့ကြပါစေ
လူတွေရဲ့ကြားထဲ
အကြင်နာတရားများက
သူ့ရဲ့ရင်ထဲ
အို
မဆုံးတဲ့ မေတ္တာများနဲ့ လူတွေကိုချစ်တယ်
ဒါတွေကိုလေ
မမြင်နိုင်အောင်လေ ရက်စက်ကြပါတယ်
VERSE
2
ဆင်းရဲခြင်းတွေရယ်
ဘယ်လိုပင်ဆိုးလည်း
အရာရာစွန့်လွှတ်လို့
ကယ်တင်သွားခဲ့တယ်
လေးလွန်းတဲ့တိုင်တော်
ကိုယ်တော်ရယ် ထမ်းလို့
ကရာနီကုန်းထက်သို့
လှမ်းသွားရှာတယ်
(နာကျင်စွာ
ဒုက္ခခံခဲ့)
အို
အသွေးအသား အသက်ကို မငဲ့ကွက် လူတွေကိုချစ်တယ်
အမှောင်ကမ္ဘာမြေမှာ
ကျင်လည်နေသူ လောကသားတွေအတွက်
CHORUS
ဒါဟာ
ဒို့အတွက်ပါလေ (သူ့မှာ)
နှလုံးသားမှာ
ဒဏ်ချက် (အသွေးများယိုစီး)
မဖြေနိုင်တဲ့အပြစ်တွေ
(ဘုရားရှင်)
ဆေးကြောရှာလေပြီ (ဖြူစင်စေခဲ့ပြီ)
နှိုင်းဆမနိုင်တဲ့
(အတုမရှိနိုင်တဲ့)
မေတ္တာရှင်
VERSE
3
သူ့ရဲ့မေတ္တာတွေ
ဘယ်လိုပြန်ပေးမလဲ
အမှောင်ရိပ်လမ်းထဲက
ထွက်ခဲ့ပါကွယ်
သွေးကဲ့သို့နီရဲ
ဘယ်လိုပင်စွန်းလည်း
ဖြူမယ်
မိုးပွင့်ထက် သင့်အပြစ်တွေရယ်
(ဖြူစင်မယ်
သင့်အပြစ်များ)
အို
အေးမြတဲ့ ဒီမေတ္တာ ထာဝစဉ် တည်မြဲမယ်
ကိုယ်တော်ရှင်ဟာ
ကမ္ဘာမြေပြင်ကို အလင်းပေးခဲ့ပြီကွယ်
No comments:
Post a comment
Note: only a member of this blog may post a comment.