VERSE 1
လေးလံတဲ့ ၀န်ထုပ်များ ထမ်းရွက်နေသလား
တာဝန်ယူကား ထမ်မယ့်သူရှိတယ်
အချိန်အခါမရွေး ဘယ်လောက်ပဲလေးပါစေ
ကူညီကာ ၀န်ထမ်းမယ့်သူ ရှိတယ်
VERSE 2
စိတ်ညစ်စရာတွေ အမျိုးမျိုးတွေ့ကြုံနေသလား
ကူညီကာ ဖြေရှင်းမယ့်သူရှိတယ်
နေရာမရွေး အတိုင်းအဆကြီးပါစေ
အဆင်ပြေအောင် ကူညီမယ့်သူ ရှိတယ်
CHORUS
အားကိုးကြည့်စမ်းပါ ယေရှုကို
ပေးအပ်လိုက်စမ်းပါ ၀န်ထုပ်များကို
အရာရာမှာလေ အားကိုးဖို့ အဖော်မွန်ပါ
စိတ်အားငယ်နေတဲ့ အခိုက်အတန့်မှာ
ပြဿနာတွေ တွေ့တဲ့အခိုက် ကူညီသူ
လေးသော ၀န်ကို ထမ်းသွားပေးတယ်
စိတ်ပင်ပန်းသူ ငြိမ်သက်ခြင်း ချမ်းသာ အမှန်ပေး
ထိုသခင်ယေရှုကို အချိန်အခါတိုင်း နာရီတိုင်းမှာ အားကိုးပါ
No comments:
Post a comment
Note: only a member of this blog may post a comment.