[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
ငါးသုံးလုံး
စီးကရက်ကို တွင်တွင်ဖွာရင်းနဲ့
လမ်းထိပ်က
တီးဟောက်စ်မှာ အာပေါင်အာရင်သန်
လောပန်းကြီးဖြစ်ဖို့ဆို
ဘာတွေ ကုန်သွားပါစေ
ဆင်းရဲသားပေးဖို့ဆို
ကတုန်ကယင် ဖြစ်လို့နေ
VERSE
2
တောင်းအေ့စ်လေး
စီးရတာ ဂုဏ်သိမ်ငယ်လွန်းသတဲ့
ပါဂျဲရိုးကား
စီးရအောင် အကြံအဖန်လုပ်ဦးမယ်
ကက်ဆက်က
ဒိတ်အောက်ပြီ ဗီဒီယို ၀ယ်ဦးမတဲ့
ဆင်းရဲသားပေးဖို့ဆို
ကတုန်ကယင် ဖြစ်လို့နေ
CHORUS
1
ဂရုဏာမျက်လုံး
ရှိသောသူသည်
ဆင်းရဲသားတို့ကို
ဝေငှကျွေးမွေးလိမ့်မည်
ဂရုဏာမျက်လုံး
ပိုင်ရှင်လေးဖြစ်ချင်သည်
ဆင်းရဲသားတို့ကို
လက်ကမ်းပေးဝေမည်
VERSE
3
တိုးတက်တဲ့
ခေတ်ကြီးမှာ သာသူသာလွန်းသလို
တိုးတက်တဲ့
ခေတ်ကြီးမှာ နာသူနာလွန်းတယ်
အဘက်ဘက်က
ချို့တဲ့နုံချာနိုင်လွန်းတယ်
တစ်နေ့လုပ်မှ
ဝမ်းဝရုံ အနိုင်နိုင် ရုန်းရရှာ
CHORUS
2
ဂရုဏာမျက်လုံး
ရှင်ယေရှုခရစ်တော်သည်
ဆင်းရဲသားတို့ကို
စောင့်မကြည့်ရှုခဲ့သလို
ဂရုဏာမျက်လုံးတွေနဲ့
ငဲ့ကြည့်ပါဦး
လူလုံးမလှ
ဆင်းရဲသူကို ကိုယ်ချင်းစာပါဦး
No comments:
Post a comment
Note: only a member of this blog may post a comment.