VERSE 1
ကွဲပြားရောင်စဉ် ဖွဲ့စည်းသက်တံ့မှာ
မတူညီအရောင်အဆင်းလေးတွေနဲ့ စည်းလုံးခြင်း အားမာန်ပဲ
သွေးချင်းတူတူ တစ်မြေတည်းသားချင်းတူ
ညီအစ်ကို မောင်ရင်းနှမတွေပဲ အတူလက်တွဲ
PRE-CHO
ဒီကမ္ဘာမြေကို အလှသစ်များ ဖန်ဆင်းစို့လေ
နိုင်ရာဝန်ကို ထမ်းရင်း သွေးချင်းတွေ
နေရောင်ခြည်ကို ဖုံးကွယ်စေမယ့် အနှောက်အယှက်တိမ်များ
တစ်နေ့ ပျောက်လွင့်မယ် ယုံကြည်ချက်ထား
CHORUS
ပေါင်းစည်းလှပနေ သက်တံ့ရောင်စဉ်
မိုးသားကောင်းကင်ယံအလှ သက်သေတည်
အလင်းတစ်စက်ဖြင့် ဘုရားရှင်ရဲ့မေတ္တာကို
သီချင်းများအားဖြင့် လူတိုင်းသိစေမည်
ကိုယ်တော်အတွက်ဖြစ်စေမည်
BRIDGE
အိုး အန္တရာယ်တွေကို ရင်ဆိုင်ရာဖယ်ရှား
စာတန်ရန်ကို ကြိုတင်ကာ မြင်ထား
ရေခံမြေခံ ရေမြေသဘာဝ ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ထား
No comments:
Post a comment
Note: only a member of this blog may post a comment.