VERSE
1
ခရစ်တော်၌
ယုဒလူ မရှိဘူး
ဒီလိုပဲ
ဟေလသလူ မရှိဘူး
ဒါကို
နားလည်ထားကြရင်
တကယ်ကို
ပြဿနာမဟုတ်ပါ
ဒါပေမယ့်
အခုတော့
VERSE
2
ခရစ်တော်၌
ဂိုဏ်းဂဏတွေ မရှိဘူး
ဒီလိုပဲ
တယူသန်အစွဲတွေ မရှိဘူး
ဒါကို
နားလည်ထားကြရင်
တကယ်ကို
ပြဿနာမဟုတ်ပါ
ဒါပေမယ့်
အခုတော့
CHORUS
လူမျိုးခြင်းတွေလည်း
ခွဲခြားမှုရှိလာ
အရောင်အသွေးခြင်းတွေလည်း
မတူမတန် ခွဲခြားမှုတွေနဲ့
ဂိုဏ်းဂဏအဖွဲ့အစည်းတို့
သီးခြားနေကြလို့
ကိုယ်တော်ဘုရားကို
မြင်မယ့်အစား
ယူတင်ကာ
ဝတ်ဆင်အဆောင်အယောင်ကြား
သခင်ဘုရား
ပျောက်နေပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.