VERSE 1
ဝေဟင်ယံပေါ်မှာ ဖြတ်သန်းကာ တောတောင်တွေကို ကျော်ဖြတ်သွား
သိမ်ငယ်မှုနဲ့ မျှော်လင့်ချက်နဲ့ အပယ်ခံဘ၀တွေအတွက်
စာနာပါ ထိုလူ အငယ်ဆုံးသူ ၀ိညာဉ်တွေကို ကယ်တင်ဖို့
ကိုယ်တော်ရှင်ဘုရားမြတ် အလိုရှိခဲ့ပြီ ကမ္ဘာဆုံးအထိ သက်သေတည်စို့
CHORUS
ဒို့အနာဂတ်တွေ လှပစေဖို့ အလင်းသက်သေတည်ကြစို့လေ
မျိုးဆက်လေးတွေ အစွမ်းတွေရှိဖို့ ကူညီကာ လက်ကမ်းကြို
ရှေးလူဟောင်းတွေ လျှောက်ခဲ့တဲ့လမ်း ဆက်လျှောက်မယ် ယုံကြည်ရင်း
ကိုယ်စီ ၀မ်းမြောက်ခြင်းများနဲ့ အလိုတော်ဝန်ခံခြင်းရဲ့လမ်းထက်မှာ
တူညီမျှော်လင့်ခြင်းတွေနဲ့ အတူလျှောက်လှမ်းမည်
ခုနှစ်တွေ သက်သေတည်
VERSE 2
ရေပြင်တွေပေါ်မှာလျှောက်လှမ်းကာ တောင်စဉ်တွေကို ကျော်ဖြတ်သွား
ဝိညာဉ်အလင်းအတွက် မျှော်လင့်ချက် အသက်ရေကို ဆာငတ်သူတွေ
ကူညီပါ ထိုသူ အပြစ်သားလူ ဘ၀တူတွေကို ကယ်တင်ဖို့
ကိုယ်တော်ရှင်ဘုရားမြတ် စေခိုင်းထားခဲ့ ကမ္ဘာဆုံးထိ သက်သေတည်စို့
BRIDGE
သခင့်ရဲ့အမှုတော်အတွက် အချိန်တွေရှိတုန်းမှာ
ကယ်တင်ရှင်သတင်းကောင်းကို ဖြန့်ဝေကာပင် ကြေငြာစို့လေ
ကယ်တင်ခြင်းသည် လူသားတိုင်းအတွက် ရှေ့တော်ဝင်ခွင့်ပေးနေ
နာခံမှုဇာတိဖြင့် ထိုသေခြင်းမှ ခန္ဓာကိုယ် ရှင်ပြန်၍ ထမြောက်စေပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.