VERSE
ကိုယ်တိုင်လမ်းလျှောက်ခဲ့ဖူးပြီ ကိုယ်တိုင်စမ်းလျှောက်ခဲ့ဖူးပြီ
စိတ်ပျက်ခြင်းတွေ နှိပ်စက်နေ
မဆန်နိုင် ဒီရေစီးလမ်းကို မရှောင်နိုင်ကူးဖြတ်ရင်း နွမ်းကြေ
အတိတ်ရဲ့ အရိပ်တွေ အရှုံးများနဲ့ပြည့်နေ
PRE-CHO
ရွေးခဲ့ပြီ ကိုယ်တိုင် လမ်းကျဉ်းကို လျှောက်ရင်း
ရှင်သန်မှုအတွက် ကိုယ်ရဲ့ကားတိုင်
ထမ်းရင်း အသက်ဆက်ဖို့ ကိုယ့်အသက်စွန့်ရင်း
ပြောင်းလဲခြင်းတွေ ၀န်ခံသက်သေ
ကယ်တင်ပေးခဲ့တဲ့ သခင့်ရဲ့လက်တွေ
သွေးမတိတ်သေးပါ ဒဏ်ရာတွေနဲ့
CHORUS
လျှောက်မယ် ဒုက္ခများပြည့်နှက်လို့ ဆူးခက် နှိပ်စက်မှုအောက်မှာ
နာကျင်စွာ လျှောက်ရင်း
ချီဆောင်လာချိန်ကို ယုံကြည်စွာ စောင့်လို့ ကယ်တင်မှာမို့
ဟိုမှာ ၀မ်းနည်းခြင်း ညည်းတွားခြင်း
မျက်ရည်နဲ့ပေးဆပ်ခြင်းတွေ မရှိတော့ပါလေ ရေး
တာဝန်ကျေသူကို အပ်နှင်းဖို့ ဆုလဒ် ပြင်ဆင်ပြီမို့
လျှောက်မယ် ဒုက္ခများပြည့်နှက်လို့ ဆူးခက်များ နှိပ်စက်ကြလည်း
မမှုတော့ပါ လျှောက်မယ်
ချီဆောင်လာချိန်ကို ယုံကြည်စွာ စောင့်လို့ ကယ်တင်မှာမို့
ENDING
(နောက်ပြန်လှည့်မလာနိုင်တဲ့လမ်း ဖြတ်ကာ မလျှောက်ခင်အချိန်မှာ)
No comments:
Post a comment
Note: only a member of this blog may post a comment.