[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
ကြင်နာမှုတွေ
ပျောက်ဆုံးလို့ တကယ်ကို ဝေးပြီကွယ်
ရင်းနှီးခဲ့တဲ့
အပေါင်းအဖော်ကြင်သူတွေ
စွန့်သွားလို့နောက်ကျန်ရစ်
အပြစ်ဖွဲ့လို့ နှင်ပြီထင်
ဆုံးရှုံးခြင်းသာ
ဒဏ်ရာတွေဖြစ်နေ
VERSE
2
နာကြင်မှုတွေ
နှလုံးသားကိုသာ ကျွမ်းလောင်စေ
ဘယ်အတွက်များက
ပစ်ခွာကာငြိုငြင်
အဖြေတစ်ခုတော့တွေ့ပြီထင်
ဆိုးမိုက်ခဲ့ အကျွန်သာလျှင်
ဝမ်းနည်းမျက်ရည်
ဝန်ခံနေသက်သေ
CHORUS
ခိုနားခွင့်ပေးပါဦး
သခင် အပြစ်သားတစ်ယောက် တောင်းဆိုနေ
နွေးထွေးလွန်းတဲ့
သခင့်ရင်ခွင်မှာ ထွေးပွေ့ထားစေချင်
မိုက်ပြစ်နောင်တနဲ့သာ
ဒူးထောက်မျှော်ကိုးလျက်ပါ
တစ်သက်တာလုံး
ကိုယ်တော့်လက် အပ်နှံထား
No comments:
Post a comment
Note: only a member of this blog may post a comment.