VERSE 1
ထိုနေရာမှာ ပျော်ရွှင်ခြင်းတွေ ထိုနေရာမှာ ငြိမ်သက်ခြင်းတွေ
ဝမ်းမြောက်ခြင်းနဲ့ ပြီးပြည့်စုံနေရာလေးဟာ
ကိုယ်တော်ရှင်ရဲ့ ရင်ခွင်ထဲမှာ
CHORUS
ကြည်လင်သန့်ရှင်း စမ်းချောင်းလေး စီးနေပါတယ်
သာယာငြိမ့်ညောင်း သီဆိုသော သီချင်းသံတွေရယ်
ကောင်းကင်ရွှေပြည် မျှော်လင့်ခြင်း ပြည့်စုံသူအတွက်
အိုနာသေခြင်းတွေနဲ့ ဝေးမယ်
ကြည်လင်သန့်ရှင်း စမ်းချောင်းနဲ့ သစ်ပင်တွေရယ်
ငိုသံဆိတ်သုန်း ဂုဏ်တော်ချီးမွမ်းသံတွေရယ်
ကောင်းကင်ရွှေပြည် စုံလင်ခြင်း ပြုံးမကုန်နိုင်တယ်
ကိုယ်တော်ရှင်ရဲ့ ရင်ခွင်ထဲမှာ
VERSE 2
ထိုနေရာမှ ပူပန်ခြင်းတွေ ထိုနေရာမှ ငိုရှိုက်ခြင်းတွေ
ဒုက္ခ သောက ကင်းဝေးရာ နေရာလေးဟာ
ကိုယ်တော်ရှင်ရဲ့ ရင်ခွင်ထဲမှာ
No comments:
Post a comment
Note: only a member of this blog may post a comment.