Key:
Intro:
VERSE 1
ဒီခန္ဓာဟာ မတည်နိုင်တဲ့အရာပါ ယမ်းယောင်ကာ ဘယ်အချိန်ရပ်တန့်မှာလဲ
သီချင်းဆိုရင်း ငိုယိုသံတွေကမစဲ ဟစ်အော်သံကြားလိုက်မိတယ်
မောပန်းလွန်းလို့ ဒီခရီးလမ်းထဲ အားပေးမှုလေး မျှော်လင့်မိတယ်
ကြင်နာစွာပင် ကူညီစရာတွေ ကြိုးစားပြီး ပေးလိုက်ပါလား
CHORUS
ကိုယ်တော်နဲ့ ဆူးခင်းလမ်းကြမ်းကို သွားဦးမလား
ခက်ခဲလှတဲ့ သျှို ဖြတ်ဦးမလား
ခန္ဓာကြွေသည်ထိ ပေးဆပ်နိုင်အောင် ခွန်အားသစ်တွေနဲ့
ကိုယ်တော်နဲ့ လျှောက်လှမ်းဖို့အတွက် ၀န်လေးဆဲလား
ခဲယဉ်းခြင်းများဆို နောက်ဆုတ်မလား
ပူလောင်နေသူအတွက် ချွေးသိပ်နိုင်ရန်
ရဲဝံ့စွာ ဆက်ကပ်ပါလား
VERSE 2
နာရီသံ ဆူညံစွာ အပြေးမြန်နေ ရက်တွေသာ အလီလီပြောင်းလဲနေတယ်
ဝင်းဝါတဲ့ လယ်ပြင်က တာဝန်တွေ ထမ်းဆောင်ရန် အသင့်ရှိရဲ့လား
နိုးထဖို့တော့ အချိန်တန်နေပြီ ဆက်ကပ်လျက် ကိုယ်ကျိုးစွန့်ပါ
နုံခြာနေတဲ့ ဒီလူတွေကြား အစေတော်ခံရန် ဆုံးဖြတ်ပါလား
Solo:
No comments:
Post a comment
Note: only a member of this blog may post a comment.