[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
အပြစ်သံသရာ
ဝဲဂယက်ထဲက
သင့်ကို
ကယ်တင်ပေးမယ့်သူရှိတယ်
ကယ်တင်ချင်သောသူကို
သင်က မသိသော်လည်း
သင့်ကို
ချစ်လို့နေတယ်
VERSE
2
သင့်ဝိညာဉ်
နှလုံးသားလေးကို
ဖွင့်ဝင်ရန်
အမြဲ တံခါးလာခေါက်တဲ့သူ
သာယာငြိမ်သက်ခြင်းရယ်
ထာဝရအသက်ကိုပေးမယ့်
ထိုသူကို
သင် သိရဲ့လား
CHORUS
အမှောင်ထဲက
သင့်ရဲ့ဘ၀ ကယ်တင်ချင်လို့ အလင်းပေးလိမ့်မယ်
ထာဝရအသက်
သူပေးလိမ့်မယ် အဖိုးအခ မယူပါဘူးကွယ်
(သင်မသိပေမယ့်
အစဉ်ရှိနေတဲ့သူ)၂
သခင်
ယေရှုခရစ်တော်
VERSE
3
အသွေးအရောင်ရယ်
မခွဲခြားတဲ့သူ
အသက်အသေခံရင်း
စွန့်ကာ ချစ်တဲ့သူ
ဘယ်ခါမကုန်တဲ့မေတ္တာ
သင်က မသိသော်လည်း
သင့်အနားမှာ
အမြဲရှိနေတယ်
VERSE
4
သင့်မျှော်လင့်ခြင်းအားလုံးကို
ပြည့်စုံအောင်
လမ်းပြလို့ ပေးလိမ့်မယ်
ခေါ်သံကို
ကြားခဲ့ရင် အမှန်လှမ်းခဲ့ပါ သခင့်ဆီ
သူအသေခံတာ
သင့်အတွက်ပါ
No comments:
Post a comment
Note: only a member of this blog may post a comment.