[YOUTUBE]
>>> [MP3] >>> [PDF] >>> [PPT]
VERSE
1
မိုးထဲလေထဲ
တစ်ယောက်တည်း ငါ
အားပေးသူမဲ့
ထာဝစဉ် အရှုံးနဲ့မိတ်ဖွဲ့
ကျွန်ုပ်အပြစ်တွေအား
ဘယ်သူ စာနာ အားပေးမှာလဲ
VERSE
2
ဘာမှမရှိဘူး
ကာရံမရှိပါ
ခရီးဆက်အနာဂတ်
ဘာတွေ ပေးဆပ်ရမလဲ
အေးစက်တဲ့ဝိညာဉ်
အို အသင် နိုးထပါတော့
CHORUS
ရင်နှစ်သားပမာ
ထွေးပိုက်ယုယစွာ ဂရုစိုက်လွန်းသူရယ်
အပြစ်သားမို့
အပြစ်ရှိလည်း ထာဝစဉ်နားလည်ပေးတဲ့ သခင်ရယ်
ကိုယ်တော်မေတ္တာ
အသဲထဲ နင့်ကာ စူးနစ်သွားပြီကွယ်
ကျွန်ုပ်ဘ၀ကို
စစ်ဆေးကာ လိုအပ်ချက်တို့ ပြင်ပေးပါ
အလိုတော်ရှိသည့်အတိုင်း
ဖြစ်စေမူပါ
VERSE
3
ဆွံ့အနေတဲ့
ဒီနှုတ်ခမ်းမှာ
ဘုရားမြတ်သခင်အတွက်
ဒေသနာသတင်းကောင်းပြောဖို့အတွက်
အားသစ်အင်သစ်
ကျွန်ုပ်ရရှိပြီပဲ
VERSE
4
ကျွန်ုပ်တို့
သခင်ဘုရား နာမတော်
ကပ်ကမ္ဘာအဆက်ဆက်
ဘုန်းကြီးစေသတည်း
ဟာလေလာယာ
နာမတော်အား ချီးမွမ်းကုန်လော့
No comments:
Post a comment
Note: only a member of this blog may post a comment.