VERSE 1
လုံခြုံမှုကင်း ဒီလောက ကမ္ဘာကြီးထဲ
မျှော်လင့်ချက်ကြီးစွာနဲ့ ခိုကိုးရာ ရှာမိတယ်
အနတ္တတွေပဲ မမြဲတဲ့ လောကဒီကမ္ဘာကြီးထဲ
VERSE 2
ကယ်တင်ရှင်ရဲ့ တုနှိုင်းမဲ့ ချစ်ခြင်း
လုံခြုံမှုပေးနိုင်တဲ့ မေတ္တာ တွေ့ရှိပြီ
ကျွန်ုပ်ဘ၀တစ်ခုလုံး စိတ်ချရပြီ သူနဲ့အတူ အမြဲ
CHORUS
လေအဟုန်ကိုစီး
ကိုယ်တော်ဘုရားနဲ့ ဟိုး မိုးမြင့်ထက်ဆီ
အစဉ် မျှော်လင့်မယ် ကိုယ်တော်ရဲ့
အဆုံးမဲ့တန်ခိုးတော် ခိုကိုးရင်း ဟိုး အမြင့်ဆီသို့
BRIDGE
ဒုက္ခလှိုင်းကြုံလည်း အန္တရာယ်ချောက်ကမ်းပါး တားဆီးလည်း
ကိုယ်တော်သာ အနားမှာ အမြဲရှိရင်
အို ပြင်းလွန်းတဲ့ လှိုင်းတံပိုးများ ကျော်ဖြတ်
အန္တရာယ် ချောက်ကမ်းပါးများလည်း မမှုပါ
အစဉ်လုံခြုံနေ ကိုယ်တော်ရဲ့အနား
No comments:
Post a comment
Note: only a member of this blog may post a comment.