တေးဆို - ဟေမာနေ၀င်း
VERSE 1
သံချေးပိုးဖျက်ဆီး သူခိုးထွင်းထောက်နိုင်တဲ့
မြေကြီးဘဏ္ဍာကို မဆည်းပူးနဲ့
ဒီအဆုံးမကိုသိ နာယူခဲ့ဖူးလည်း
လက်တွေ့လိုက်ရန် အားနည်း
VERSE 2
ဘယ်တော့မှ မပျက်စီး မဆုံးရှုံးမပျောက်နိုင်တဲ့
ထက်ကောင်းကင်ဘဏ္ဍာ ဆည်းပူးမယ်
အစဉ်ပြောခဲ့သော်လည်း စိတ်မှာ မကြာမကြာမေ့ခဲ့
ဇာတိက လွှမ်းမိုးအနိုင်ယူဆဲ
CHORUS
အကြင်နေရာမှာ ဘဏ္ဍာများရှိနေရင်
စိတ်နှလုံးက ထိုနေရာမှာ ရောက်နေမယ်
ကမ္ဘာမြေလွှာဘဏ္ဍာထဲ ဆည်းပူးရင်
ကောင်းကင်နဲ့ ဝေးသထက်ဝေးမယ်
VERSE 3
သခင်နှစ်ဦးရဲ့အစေကို တစ်ယောက်မျှမခံယူဘဲ
တတ်စွမ်းသလောက် ဘုရားအလို လိုက်လျှောက်မယ်
ထာဝရကောင်းကင်ဘုံ ဓမ္မသရဖူဆင်မြန်းလျက်
မဆုံးသော ၀မ်းမြောက်ဂုဏ်ယူဖွယ်
VERSE 4
အချိန်ရှိလို့နေပါစေ မရှိလို့နေပါစေကွယ်
တရားနှုတ်ကပတ်တော် ဟောပြောမယ်
သေခြင်းတရားကို စောင့်ရှောက် နာယူခဲ့ဖူးလည်း
ဇာတိစိတ်က လွှမ်းမိုးအနိုင်ယူမယ်
No comments:
Post a comment
Note: only a member of this blog may post a comment.