VERSE 1
အချိန်တွေ ကြာလွန်းလို့ မေ့များသွားပြီလား
ကိုယ်တော်ရှင်အသက်ပေးပြီး အသွေးသွန်းခဲ့တဲ့နေ့ကို
ပြန်လည်ကာ မြင်ယောင်လာရင် ရင်မှာ ငိုချင်လာတယ်
နာကျင်ထိခိုက်ကြေကွဲ ကိုယ်တော်ရဲ့ တစ်ဖက်သတ်ချစ်မေတ္တာ
ပေးဆပ်သွားခဲ့တာ ထိုကရာနီမှာ
VERSE 2
အချိန်တွေ ကြာညောင်းလို့ နှောင်းသွားခဲ့ပေမယ့်
အရာရာဟာ တည်မြဲပြီး အမှတ်တရဖြစ်နေဆဲပါ
နာကျင်ကာ ဝေဒနာတွေကို ခံကာ ညှင်းဆဲခြင်းများ
လှောင်ပြောင်ကဲ့ရဲ့နေတဲ့ လူတွေရဲ့ အပြစ်အတွက် အစားထိုးကာ
ပေးဆပ်သွားခဲ့တာ ထိုကရာနီမှာ
CHORUS
အချိန်နာရီ နေ့ရက်တွေ ဘယ်လိုပဲ ပြောင်းလဲသွားကြပါစေ
ရှင်သန်စွာ တည်နေတဲ့အချစ် ကရာနီအထိမ်းအမှတ်တွေဟာ
လာမယ့် သက္ကရာဇ်ပေါင်း နှစ်များစွာ
ရှေ့ဆက်လို့သာ ရှိနေမှာပါ
No comments:
Post a comment
Note: only a member of this blog may post a comment.