VERSE 1
ရူးသွပ်ခြင်းများနဲ့ အလွန်မိုက်မဲ ဘ၀ပျက်လုမတတ်ကွယ်
အထိန်းအကွပ်မဲ့တဲ့ ဘ၀လှေငယ်လေး လှိုင်းကြမ်းများကြားဝယ်
ဘယ်သောင်ပြင်မှာ သောင်တင်မလဲ ဘယ်သူဘယ်ဝါ ကယ်တင်မလဲ
လက်ရှိအပြစ်နဲ့ ရှေ့အနာဂတ်ကို ရုန်းရင်းရုန်းရင်း နစ်သထက် နစ်ရုံပဲ
VERSE 2
ကိုယ့်ရဲ့စိတ်ကြိုက် ဘ၀ကို တစ်ချိန်တည်း မျောလွင့်ခဲ့တော့ကွယ်
တွေးတောထားတဲ့ အဖြစ်တွေ တစ်ချိန်လုံး ဒုက္ခပေးတော့တယ်
ဘယ်သူဘယ်ဝါ တရားခံလဲ အသေချာဝေဖန် အဖြေရှာခဲ့
သိလိုက်ရတော့ သိပ်ကြေကွဲစရာ ကိုယ့်မိုက်ပြစ်အတွက်ကြောင့် ဖြစ်နေတယ်
CHORUS
ဘ၀ရဲ့ ဒဏ်ချက်တွေ အဆုံးအရှုံး အခက်အခဲတွေ
လက်ညှိုးများထိုးနေတဲ့ တံတွေးခွက်ထဲမှာပဲ
ရုန်းထားလိုက်ဦးလေ ကမ်းလက် သခင်ပေးနေ
နောင်တနဲ့ လှမ်းခဲ့တဲ့ သားမိုက်တစ်ယောက်အတွက်
အဖက ဆီးကြိုဆဲ
No comments:
Post a comment
Note: only a member of this blog may post a comment.