VERSE 1
နှင်းပန်းငယ်မှာ ရေမှုန်ခိုတွဲ
ဥယျာဉ်အလယ်မှာ အတွေးနဲ့တစ်ယောက်တည်းရယ်
လေပြေညှင်းလေးအလား ညင်သာစွာလှုပ်ရှား
သခင့်ရင်ငွေ့ နွေးထွေးစွာ ခံစား
CHORUS
ကျွန်ုပ်နဲ့အတူ လှမ်းလျှောက်ခဲ့ ခြေလှမ်းများနဲ့
ညင်သာဖြေးညှင်းသောစကားတွေရယ်
လုံခြုံစိတ်ချစေတယ် ကိုယ်တော်ပိုင်တယ်
အခြား ဘယ်သူများ သိနိုင်ဦးမယ် / မြင်တွေ့မယ်
VERSE 2
ကျေးငှက်ငယ် မြည်တွန်သံများထက်
သခင့်အသံတော်သာ ဖုံးလွှမ်းနေသောအခါ
သံစဉ်တေးသွားများ အာရုံမှာ ခံစား
နှလုံးအိမ်ထဲ တလှပ်လှပ် တုန်လာတယ်
VERSE 3
မိုးသောက်ချိန်တိုင်အတူ သခင်နဲ့အမြဲ
ဥယျာဉ်အလယ်မှာ နှစ်သိမ့်ပျော်မွေ့တယ်
အလိုတော်ရဲ့အတိုင်းပဲ ရှင်သန်စေချင်တဲ့
သခင့်ချစ်ခြင်း အမြဲတမ်းလုံခြုံတယ်
No comments:
Post a comment
Note: only a member of this blog may post a comment.