VERSE
အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်ဆုံးခဲ့
ရာသီတွေ ကူးပြောင်းတာ မြန်လွန်းတယ်
ဘယ်အရာမှ မမြဲတမ်း မတည်မြဲဘူးကွယ်
သင်္ခါရတရားသဘော အလိုလိုက်ရမယ်
ပိုင်ဆိုင်သမျှ စွန့်လွှတ်ချိန် တလှည့်ရောက်မယ်
အသစ်အသစ်တွေလည်း အဟောင်းဖြစ်သွားတယ်
CHORUS
လောကကြီးမှာ ဘာမှ မမြဲတဲ့ သဘာဝပဲ
တစ်နေ့ပျောက်ကွယ် အနတ္တပဲ
စွဲလန်းတဲ့ ရှင်သန်ခွင့်ရတဲ့ ခဏလေးဝယ်
တမလွန်ရေးအတွက် အဖြေရှာသင့်တယ်
အချိန်တွေနှောင်းသွားရင် ထာဝရအတွက်
ဝမ်းနည်းခြင်းတွေ မတွေ့ရဖို့အတွက်
No comments:
Post a comment
Note: only a member of this blog may post a comment.