VERSE 1
ဘ၀ခရီးလမ်းထဲ အခက်တွေ့ရင်ကွယ်
ကိုယ့်အစွမ်းအစနဲ့တော့ မဖြေရှင်းလိုက်နဲ့
(ရှင်းလိုက်တိုင်း ပြဿနာတွေ မပျောက်သွားဘဲနဲ့
ပိုမို ရှုပ်ထွေးလို့ အခက်ကြုံနေမယ်)
VERSE 2
ကြုံတွေ့ရမယ့် ကိုယ့်အမှုအရာအတွက်
သခင်ဘုရားရဲ့ လက်၌ အပ်နှင်းထားလိုက်
(ကိုးစားလိုက် ဘုရားသခင်ထံ အရာအားလုံးအတွက်
ယုံကြည်စွာ စိတ်ချ သက်သေထူမယ်)
CHORUS
အပ်နှံထားလိုက် လိုက်မဖြေရှင်းနဲ့
ဘုရားသခင်သိတယ် သင့်ရဲ့အခက်အခဲ
လောကကြီးမှာ ကြုံတွေ့သမျှအရာဟာ
ဘုရားအခွင့်တော်တွေကြောင့် ဖြစ်နေတာ
ကိုယ့်ဝန်ထုပ်တွေအကုန်လုံး ဘုရားသခင်တာဝန်ထားစမ်းပါ
No comments:
Post a comment
Note: only a member of this blog may post a comment.