VERSE 1
သတိအမြဲထားပါ စာတန်မာရ်နတ်ဟာ နေရာတကာမှာ ရှာကြံပြီးတော့
ဖျက်စီးနှောင့်ယှက်တယ် သတိတချက်လစ်ရင် စာတန်ထောင်ချိုင့်မှာ
ပြန်လည်ထူထောင် ရှာဖွေမတတ်အောင် လှောင်ပိတ်မိလိမ့်မယ်
ဒါကြောင့် တို့တွေ
VERSE 2
သတိရှိရမယ် စာတန်ရန်အတွက်ကို ကြိုတင်ကာကွယ် ရင်ဆိုင်ရဖို့
အဆင်သင့်ရှိရမယ် သတိအမြဲရှိအောင် စာတန်ကို အောင်ဖို့ရန်
ကယ်တင်ရှင်သခင် ယေရှုဘုရားထံ ဆုတောင်းဆက်ကပ်ပါ
ဒါမှ တို့တွေ
CHORUS
အောင်မြင်ပြီးသား ချော်လည်းမလဲနိုင် မျှော်ရာပန်းတိုင်
လိုက်လျှောက်နိုင်ပြီး အောင်မြင်ဆွတ်ခူးလိမ့်မယ်
လျှောက်မြဲအစဉ်နဲ့ ရည်ရွယ်ချက်လည်း ပြည့်မယ်
ဒါကြောင့် တို့တွေ
ENDING
အစဉ်သတိထားကြမယ် မလွဲမသွေ တိမ်းသွားအောင်
ယေရှုရှင်အားဖြင့် ရပ်တည်ပါ
No comments:
Post a comment
Note: only a member of this blog may post a comment.