(ယုံကြည်ခြင်း)
ခိုလှုံကိုးစား နှုတ်ကပတ်တော် မှန်ကန်သော ဘ၀အသက်တာ
ဒါယုံကြည်ခြင်းလား ယုံကြည်ခြင်းရဲ့ အဓိပ္ပါယ်
ကိုယ်တော်ရှင်ထံပါး ကြုံနေတာ အခြား
အောက်မေ့စွာရယ် အသက်ရှင်နေလည်း
အထက်မြက်ဆုံး စွမ်းအားကြီး ဖြစ်တယ်
(မျှော်လင့်ခြင်း)
တိမ်လွှာတွေကြားမှ တံပိုးမှုတ်သံ ခေါ်သံများကြားခဲ့ရင်
ဒါမျှော်လင့်ခြင်းလား မျှော်လင့်ခြင်းရဲ့အနှစ်တွေ
ကိုယ်တော်ခေါ်သံကြား ဝေဟင်တိမ်ယံဖျား
ပျော်ရွှင်စွာရယ် တွေ့ဆုံစေမယ့် အသက်ထက်ဆုံး ပြည့်စုံခြင်းဖြစ်တယ်
(ချစ်ခြင်း)
အမွန်မြတ်ဆုံးသော လောကရဲ့ ထာဝစဉ် မပြောင်းလဲသောအရာ
ဒါချစ်ခြင်းလား ဖြူစင်သော ချစ်မေတ္တာ
ယုံကြည်သူတွေကြား ညီအစ်ကိုလို စိတ်ထား
ရောင်းရင်းကိုပင် ချစ်မယ်ဆိုထား ခရီးကြားထဲ အကောင်းဆုံးချစ်မေတ္တာ
ချစ်မေတ္တာထားကြမယ် (ထူးခြားအကောင်းဆုံး ချစ်မေတ္တာ)
No comments:
Post a comment
Note: only a member of this blog may post a comment.