VERSE 1
ကိုယ်ထင်တာသွားလာနေချိန်မှာ ဘ၀မှာ အမှားနဲ့သာ ကြုံလာခဲ့တယ်
ဆုံးရှုံးခြင်း ပျက်စီးခြင်းများလည်း ကျွန်ုပ်ဝိညာဉ် လမ်းမှားနေခဲ့
ကျင်လည်ရာဘ၀ရဲ့ နာရီများ လောင်းရိပ်ပမာ အပြစ်ရဲ့အမှောင်ထုကြား
ဝိုးတ၀ါးလျှောက်လှမ်းခဲ့တဲ့အသက်တာ ကိုယ်တော်မစမှုမရှိခဲ့ရင်လေ
ဘယ်မှာလဲ အသက်ဝိညာဉ်ခန္ဓာ
CHORUS
ကိုယ်တော်သာ အသက်ရှင်သခင် ကျေးဇူးရှင်
မှောင်တဲ့လမ်းကို အလင်းလင်းစေတယ်
ပင်ပန်းခြင်းနဲ့ အပြစ်ဝန်ထုပ်များကို သူသာ ဖြေရှင်းပေးနိုင်တယ်
အကြင်နာတရားနဲ့ မေတ္တာများ ဒို့အတွက် ထာဝစဉ် အမြဲပေးနေတယ်
ကိုင်စွဲလို့ဖက်တွယ်ရင်း သခင်ဘုရားနှင့်အတူ
ဖြူစင်တဲ့ဘ၀သက်သေကို ကိုယ်တော်သာ ပေးစွမ်းနိုင်တာ
No comments:
Post a comment
Note: only a member of this blog may post a comment.