တေးရေး - ကိုထွေး
တေးဆို -
VERSE 1
ကျွန်ုပ်မိတ်ဆွေ အချစ်ဆုံးသူ ယေရှု
အစဉ်ကောင်းမြတ် သန့်ရှင်းသူ ယေရှု
အမြင့်ဆုံး ဘုရားသားတော် ဘုန်းကြီးဘုရင်
ချစ်စိတ်နဲ့ လောကကို အသွေးသွန်းကယ်တင်
အကောင်းမြတ်ဆုံးအရှင်
VERSE 2
အလင်းရောင် နေမင်းလို ယေရှု
ကျောက်ဆောင် ခိုနားရာ ယေရှု
ထာဝရအဆက်ဆက် ပြပ်ဝပ်ကာ သခင့်ရှေ့တော်မှာ
အရာရှိရှိ အမြဲကြွေးကြော် ဘုန်းကြီးတဲ့ဘုရား
ချီးမွမ်းကိုးကွယ် ကိုယ်တော်ရှင် အစဉ်အနှိုင်းမဲ့
CHORUS
ကိုယ်တော်ကြီးမြတ် အစဉ်ကောင်းမြတ်
ကျွန်ုပ် ကိုးစားရာ ကျွန်ုပ်၏ ရဲတိုက်
ခိုလှုံသောအရပ် ကယ်တင်ခြင်းအကြောင်း
အမြဲမြွက်ဆို ကျွန်ုပ်ချီးမွမ်းရာ သီချင်း
ကိုယ်တော် ထာဝရ ကျွန်ုပ်ရဲ့ အရှင်သခင်
VERSE 3
သိုးထိန်း သန့်ရှင်းသူ ယေရှု
ထာဝရအသက်ရှင် စုံလင်သောဘုရင် ယေရှု
တစ်ပါးတည်းသော ရွေးနှုတ် ကယ်ချွတ်လွှတ်နိုင်သူ
လောကအပြစ်အားလုံး ကိုယ်စား ရွက်ဆောင်ယူ
အကောင်းမြတ်ဆုံးသခင် ကိုယ်တော်သာလျှင် အစဉ်အနှိုင်းမဲ့
No comments:
Post a comment
Note: only a member of this blog may post a comment.