VERSE 1
ပန်းကလေးများရယ် စကားပြောတတ်ရင် လူတွေကို မေးလိမ့်မယ်
ရနံ့သင်းလို့ မွှေးကြိုင်စွာ ကမ္ဘာကြီးထဲလှနေတာ ဘယ်သူ့ကြောင့်လဲလို့
သဘာဝရဲ့အကြောင်းတွေလား ဖန်ဆင်းခြင်းအကြောင်းတွေလား ပြောလေလူသားရယ်
အသိတရားနဲ့လောကလူ ဒီမေးခွန်းတို့ရဲ့ အဖြေရှိတယ်
VERSE 2
ကျေးငှက်ကလေးတွေသာ စကားပြောတတ်ရင် လူတွေကို မေးလိမ့်မယ်
သူတို့ရဲ့ သီချင်းတွေဟာ ဘယ်သူ့အတွက်ဖွဲ့ဆိုတာ ဖြေဆိုပါဦးလို့
သဘာဝရဲ့ဖြစ်စဉ်လား ဖန်ဆင်းခြင်းအကြောင်းတွေလား ပြောလေလူသားရယ်
အသိတရားနဲ့လောကလူ သမ္မာတရားရဲ့ မေးခွန်းအဖြေရှိတယ်
CHORUS
ပန်းကလေးရယ် စကားပြောတတ်ရင် လူတွေကို မေးမယ်
ကျေးငှက်ကလေးတွေလည်း သူတို့ရဲ့ သီချင်းအဓိပ္ပါယ်တွေကို မေးရင်
လောကကြီးမှာ အမြင့်သူ ဘယ်လိုအဖြေပေးမှာလဲ
အဖြေတွေရှိခဲ့ ဒီလိုမေးခွန်းအတွက် ရှာဖွေပါရင် အမှန်ကိုတွေ့ရမှာပေါ့
VERSE 3
လောကကြီးရဲ့ စကားပြောတဲ့အသံ လူတွေသာ ကြားတတ်ရင်
နက်နဲတဲ့ ပုစ္ဆာတွေ ရှုပ်ထွေးတဲ့ ပြဿနာတွေ အဖြေမှန်မြင်ကြလို့
သမ္မာတရားရဲ့သစ္စာစကား ဖန်ဆင်းခြင်းလက်ရာများ သက်သေခံချက်တွေ
အသိတရားနဲ့စဉ်းစားလေ မုသားမဲ့ စကားသက်သေကြားမယ်
No comments:
Post a comment
Note: only a member of this blog may post a comment.