တေးရေး - မန်းထွန်းမြ
တေးဆို - မီးမီးခဲ
ချီးမွမ်း ချီးမွမ်း ဟာလေလုယာ
VERSE
ကျွန်ုပ် ငိုကြွေးသံကို နားညောင်းပါဘုရား
နှလုံးသားထဲမှာ ခံစားရတဲ့အရာ
ကိုယ်တော်ရှင်တစ်ပါးတည်းသာ ဖြေရှင်းပေးနိုင်တာ
အလျင်အမြန် ကယ်မမူပါ
CHORUS
ရှုတ်ယှက်ခတ်လွန်းတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ
ကိုယ်တော် ကျွန်ုပ်ကို လမ်းပြပါ
ဆက်လျှောက်ရမယ့်လမ်းကို ကိုယ်တော်ဦးဆောင်ပါ
ရှေ့ဆက်ရမယ့်ခရီးကို ကူညီမစပါ
ယနေ့ထိတိုင်အောင် လမ်းပြခဲ့သောဘုရားရှင်သည်
ရှေ့အနာဂတ် ဆက်လက် လမ်းပြပဲ့ပြင်မည်
ကျွန်ုပ်ယုံသည် ဘုရားရှင်သည် နောက်ဆုံးနေ့ထိ ပို့ဆောင်မည်
ချီးမွမ်း ချီးမွမ်း ဟာလေလုယာ
No comments:
Post a Comment
Note: only a member of this blog may post a comment.