တေးဆို - ဆုန်သင်းပါရ်
VERSE 1
တိမ်လို မီးခိုးလို လွင့်သွားမလား
အ၀ါရောင်သစ်ရွက်လို ကြွေခဲ့မလား
နာရီပြောင်းလေတိုင်း ရာသီဟောင်းလေတိုင်း
သင့်အသက်တာမှာ
VERSE 2
အိပ်မက်လေးတစ်ခု ပျောက်သွားမလား
ပုံပြင်ဟောင်းတစ်ပုဒ်လို ကျန်ခဲ့မလား
နေထိုင်ခဲ့အချိန်လေး ရှင်သန်ခဲ့ဘ၀လေး
ဆုံးခဲ့ရင်တော့
CHORUS
ဆုံးရှုံးသွားပြီး အချိန်ခဏလေးအတွက်
လောကကြီးရဲ့ငွေကြေးတွေနဲ့
အစားထိုးမရနိုင် ရွေးလို့မရနိုင် ၀ယ်မရနိုင်တဲ့ ဖြစ်မှာ
လောကကြီးကို ပိုင်စိုးနေလည်း သင့်ဝိညာဉ် ဆုံးရှုံးနေခဲ့ရင်
အသက်ဝိညာဉ်ကို ဘယ်အရာမျှနဲ့ အစားထိုးနိုင်မလဲ
VERSE 3
ရေပွက်လေးတစ်ခု ပျောက်သွားမလား
သောင်ပြင်ရောက် လှိုင်းလေးလို ကျန်ခဲ့မလား
အချိန်တန်ပျောက်ကွယ်မယ့် မတည်မြဲနိုင်တဲ့
အဆုံးတစ်နေ့တစ်ချိန်မှာ
VERSE 4
အမြင်မှာ လျှပ်တပြတ်လို ပျောက်သွားမလား
ရောင်စဉ်သက်တံ့လို ကျန်ခဲ့မလား
ဘယ်အချိန်ထိကြာမလဲ သေချာမသိနိုင်တဲ့
လူ့အသက်တာမှာ
No comments:
Post a comment
Note: only a member of this blog may post a comment.