ဆို - လှိုင်ဦးမော်၊ အောင်ပဏ်း၊ ဆင်ပေါက်၊ SNO
နားရှိသောသူကြားပါစေ နားရှိသောသူကြားပါစေ
VERSE 1
တောင်ထိပ်ပေါ်မှာ သင်္ဘောကြီးတည်ဆောက်ပြီး နေတဲ့ချိန်
လူသားတွေရဲ့ ကဲ့ရဲ့ လှောင်ပြောင်ဒဏ်ကို ခံရင်း
ဒုစရိုက်နဲ့ပြည့်နှက်တဲ့လောကမြေကြီးကို
ရေနဲ့ဆေးကြောတော့မယ် နောဧ ပြောတုန်း
CHORUS
နားရှိသောသူကြားပါစေ နားရှိသောသူကြားပါစေ
VERSE 2
သင်္ဘောကြီးထဲအားလုံး ရောက်ရှိသွားချိန်
မိုးကောင်းကင်တံခါးကို ဘုရားသခင်ဖွင့်လို့
အမျက်တော်မိုးရေ သွန်းလောင်းလိုက်ပြီ
နစ်မြုပ်ကြပြီ စီးမျောကြပြီ
VERSE 3
ရွံရှာဖွယ်ရာကောင်းတဲ့ ဒုစရိုက်တွေပြုကြ
သောဒုံနဲ့ ဂေါမောရ မြို့နှစ်မြို့ကိစ္စ
အားလုံးအမှတ်တရ ဘုရားသခင်အမျက်တော်
မီးများကျွမ်းလောင် အငွေ့ဖြစ်သွားပြီ
BRIDGE
ဘုန်းစည်းစိမ်ကိုစွန့်ပြီး လောကသို့ ကြွလာခဲ့သည်
(ငါ့ကို ယုံကြည်သောသူတို့သည် မှောင်မိုက်၌ မနေစေခြင်းငှါ
ငါသည် အလင်းဖြစ်လျက် ဤလောကကို ကြွလာသည်)
ကြောက်မက်ဖွယ်ရာ စီရင်ခြင်း အပြစ်လူလွတ်ရန်အရေးမို့
(ဧလိဧလိ လာမာရှာဗခါသနိ ဧလိဧလိ လာမာရှာဗခါသနိ)
အသက်ဝိညာဉ်ကို စွန့်ပြီး ငရဲတံခါးတို့ ပိတ်နိုင်ခဲ့
(ငါအမှန်အကန်ဆိုသည်ကား ငါ့ကို ယုံကြည်သောသူတို့သည်
သေလွန်သော်လည်း ရှင်လိမ့်မည် ရှင်လိမ့်မည်)
No comments:
Post a Comment
Note: only a member of this blog may post a comment.