တေးဆို -
VERSE 1
မိုးစက်ငယ် ကမ္ဘာမြေကြီးအတွက်
စိုစေမယ် သိမ်ငယ်လည်းကွယ်
နွမ်းလို့နေတဲ့ ပန်းတစ်ပွင့်အတွက်ရယ်
ကြွေမလား မျှော်မယ် ကြွေပါလား မိုးစက်ငယ်
VERSE 2
စမ်းချောင်းငယ် ပင်လယ်ကြီးအတွက်
ပိုနေတယ် ဆိုနိုင်လည်းကွယ်
ခြောက်သွေ့နေတဲ့ ကုန်းမြင့်တစ်ခုအတွက်
ဘယ်မှာလဲ မျှော်မယ် လာပါလား စမ်းလေးရယ်
CHORUS
ငယ်သော်လည်း မျှော်လင့်တဲ့သူအတွက်
တန်ဖိုးထားသူအတွက် တန်ဖိုးလည်းရှိမှာပဲ
ငယ်သော်လည်း လိုအပ်တဲ့အချိန်လေး
လိုအပ်တဲ့နေရာရောက်ရှိဖို့ ငယ်သော်လည်း အရေးကြီးတယ်
VERSE 3
စကားတစ်ခွန်းရယ် လူလူတချို့အတွက်
အချိန်ကုန်တယ် လေကုန်လိမ့်မယ်
စွန့်ပစ်ခံရ နှလုံးသားတစ်ခုအတွက်
ဆိုမလား မျှော်မယ် ကြင်နာတဲ့စကားလေးရယ်
No comments:
Post a comment
Note: only a member of this blog may post a comment.