တေးဆို - L. လွန်းဝါ
VERSE 1
ဆူးများနဲ့တော့ ကင်းလို့မရဘူး ဆူးများပြည့်တဲ့ ကမ္ဘာကြီးမှာ
ဆူးများအတွက်တော့ ဘ၀များ ညည်းတွားစရာမလိုပါ
လှပလွန်းတဲ့ ဆူးထက်ကပန်း သင့်အတွက် ဘုရားပြင်ဆင်ထားတယ်
သင့်နှလုံးသားလက်နဲ့ လှမ်းလို့ ဘ၀အတွက် ဆွတ်ယူကွယ်
VERSE 2
မုန်တိုင်းများအတွက်လည်း ကြောက်စရာမလိုဘူး ဖန်ဆင်းသောဘုရားရှင် ဒို့အနားမှာ
ဖေးမလမ်းပြခြင်းများ ပေးစွမ်းနေသူပါ
ဘုရားရဲ့စွမ်းအား မေတ္တာတော်နဲ့ လောကရဲ့အလင်းဆောင်ရင်းကွယ်
အမုန်းတရားကင်းတဲ့နေ့ရက် ဘ၀သစ်ရောက်စေမယ်
CHORUS
အရာရာမှာ ချီးမွမ်းခြင်းနဲ့ ဘုရားခြေတော်ရင်း ပူပင်စရာများ နှင်းအပ်မယ်
ကိုယ်တော်သည် အမြဲတမ်း ကျွန်ုပ်နဲ့ အနားမှာအတူပဲ
မခံနိုင် စုံစမ်းကင်းလိမ့်မယ် ရန်သူဆိုတာမရှိပါ
ကားတိုင်တော်ချေဖျက်သွား မရဏာတံခါးဝေးစွာ
အသွေးတော်ရဲ့ ထိုတန်ခိုးများ သခင်ဘုရားရဲ့ ကျေးဇူးတော်ကရုဏာ
No comments:
Post a comment
Note: only a member of this blog may post a comment.