မြဲစေမယ်

>>>Download

တေးရေး - စံပီး
တေးဆို - စံပီး၊ ဆုန်သင်းပါရ်

VERSE 1
အကြင်နာအကြည့်လေးများ ချိုမြိန်သံလည်းကြား
နေ့သစ်လေးရဲ့အစမှာ မင်္ဂလာအရှိဆုံး
(အေးမြခြင်းတွေ ခြုံလွှမ်း ပေါင်းစပ်ခြင်းနဲ့ဒို့
ဒီနေ့လေးမှာ သင်းထုံနေပြီ)

VERSE 2
စွယ်တော်ရွက်လေးလား အတူယှဉ်ကာတွဲမှ
လှပသွားမယ့်ဘ၀တွေ အလိုတော်ရှိပြီးသား
(ပေးဆပ်ခြင်းတွေရှိသော ခွင့်လွှတ်ခြင်းတို့နဲ့
ဒီချစ်ခြင်းများ ရှင်သန်နေတော့မယ်)

CHORUS
(-- ရင်ခုန် အိပ်မက်လေးတွေ ပိုင်ဆိုင်ခွင့်ရချိန်
အတူဆောက်မယ့်အိမ်လေး မြဲစေ
မင်္ဂလာ နေ့လေးမှစ တွဲလက်များလည်း --)
အခက်အခဲများရှိပါစေ ဒို့လျှောက်လှမ်းမယ် (ရင်ဆိုင်ကာ ဒို့…)
(-- ဒီရင်ခုန်သံများ မြဲစေမယ် --)


No comments:

Post a Comment

Note: only a member of this blog may post a comment.