တေးရေး - ယော်တီဖာ
တေးဆို - စောဝင်းလွင်
VERSE 1
ဘုရားကပေးတဲ့ မေတ္တာ ဘုရားကပေးတဲ့ ကောင်းကြီး
ကိုယ်ကိုယ်တိုင်သာ ဆင်ခြင်သုံးသပ်ရင်
ပြောင်းလဲခြင်းမရှိ ပျောက်ဆုံးခြင်းမရှိ
အစဉ်ထာဝရရှိနေ
VERSE 2
ဝမ်းနည်းခြင်းတွေ ဘေးဖယ် စိတ်ပျက်ခြင်းတွေ စွန့်ပစ်
ကိုယ်တော်ရှင်သာ ဘ၀အတွက် လမ်းပြရှင်
နောက်လှည့်ကြည့်မနေနဲ့ နောက်သို့လှည့်မပြန်နဲ့
အစဉ်သာ ကိုးစားပါ
CHORUS
ကိုယ်တော်နဲ့ဝေးသွားလို့မဖြစ်ဘူး ဝေးသွားလို့မဖြစ်ဘူး
ကိုယ်တော်ရှင်သာ ဘ၀အတွက် ပေးစွမ်းရှင်
လုံးဝ စိတ်မလျှော့ဘူး လုံးဝ စိတ်မပျက်ဘူး
ကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ရှင်ရှိနေ
BRIDGE
နေထိုင်စားသောက်ဖို့ ကိုယ်တော်ပေးနေ
ယုံကြည်ကိုးစားလို့ ရှင်သန်ရင်း
ပျော်ရွှင် ၀မ်းနည်းခြင်း ဘ၀ရှေ့ရေးမှာ
အင်အား ခွန်အားပေးထား
No comments:
Post a comment
Note: only a member of this blog may post a comment.