တေးရေး - အင်ဗျဲမ်းလေး
တေးဆို - အင်ဗျဲမ်းလေး
VERSE 1
ပြီးခဲ့တဲ့ဘ၀တွေကို တွေးကြည့်ရင်း မောနေဖို့
အချိန်မရှိဘူး ဒို့ သွားကြမယ်ဟေ့ ဒို့ ခရီးဆက်မယ်ဟေ့
မပြောင်းလဲတဲ့ ဂတိတော်နဲ့ လမ်းဆုံးထိပို့ဆောင်ခဲ့
ခါနန်ပြည်ကြီး ဒို့ သိမ်းပိုက်နိုင်ပြီ သခင်ကျေးဇူးတော်ဖြင့်
CHORUS
ပင်လယ်နီကြီးလည်း ထားခဲ့ပြီ ကန္တာရခရီးလည်း ဖြတ်ခဲ့ပြီ
ကိုယ်တော်မပါဘဲ ကျွန်ုပ်တို့ဘယ်ကိုမှ မသွားတော့ပါ
အစွမ်းအစတွေနဲ့ စည်းစိမ်ဥစ္စာ ဓနငွေ ကောင်းကြီးတွေထက်
ကိုယ်တော်ကိုယ်တိုင်ပဲ ကျွန်ုပ်အလိုရှိပါ၏
ကိုယ်တော်ကိုယ်တိုင်ပဲ ကျွန်ုပ်တို့အလယ်၌ ရှိနေရင်
အရာရာအားလုံး ပြီးပြည့်စုံပြီ
No comments:
Post a comment
Note: only a member of this blog may post a comment.