၁တိ ၄း၁၂

>>>Download

ဆို - ကဗျာဘွဲ့မှူး

VERSE 1
လိုအင်ဆန္ဒအတိုင်း ဘ၀တလျှောက်မှာ ထင်ရာစိုင်းခဲ့ မိုက်မဲစွာ
ဒဏ်ရာလေးတစ်ခု ရင်ထဲ ထိခိုက်တိုးဝင်တဲ့အခါ
နာကျင်မှုနဲ့ စိတ်ပျက်စရာ အပျော်တွေကင်းတဲ့ရလဒ်သာ
ပိုင်ဆိုင်ရတော့ နောင်တစိတ်ကဖြစ်ပေါ်လာ

VERSE 2
အရာရာဖုံးဖိထားဆဲပါ ဟန်ဆောင်ကင်းတဲ့ လူ့ရုပ်လွှာ
ခြေချော်လဲသမျှ မျက်နှာဖုံးတစ်ခုနဲ့ ရောထိုင်ခဲ့တာ
ပြန်လည်ဆန်းစစ် တွေးကြည်ပါ ဆင်ခြင်မိတော့ ၀မ်းနည်းစရာ
ကွယ်ရာပုန်းလည်း ဘယ်လိုမှ မလွတ်တဲ့ရှေ့တော်မှာ

CHORUS
အရှက်ရစရာ များခဲ့ပြီကွာ
ပြင်ဆင်ဖို့ ကြိုးစားရင် အို ဒို့နစ်မွန်းနေဆဲလား
အချိန်မီ ရုန်းထွက်ဖို့ အင်အားတစ်ခုနဲ့ နောက်ပြန်လှည့်လို့ ထွက်ခဲ့ရာ
ပျော်စံရာ လမ်းဟောင်းလေးတစ်ခုသာ အဝေးဆီမှာ

VERSE 3
ငယ်ရွယ်စဉ်တုန်းမို့လူ့အသက်တာ လူတစ်ဦးတစ်ယောက်ရဲ့ရှေ့မှာ
မဆင်ခြင်ပါတော့ တကယ်တမ်း ထိမိလဲစရာဖြစ်လာ
ယုံကြည်ခြင်းနဲ့တောင်းလျှောက်ပါ ၀ိညာဉ်ခွန်အားလေးရဖို့ရာ
မမြင်နိုင်စွမ်းတဲ့ ငြိမ်းသက်ခြင်းများ ရလာမှာ


No comments:

Post a Comment

Note: only a member of this blog may post a comment.