VERSE 1
လာနေသူတို့တွေ လာနေဆဲ ပြန်နေသူတို့တွေ ပြန်နေဆဲ
ဘယ်ဆီ ပြန်ကြမယ် ဘယ်ဆီက လာကြတယ်
ဘယ်ရာမသိတဲ့ မှောင်ဝိုးတ၀ါး လူသားထဲ
ငါသည် သူတို့လို လူတွေထဲ ရှာနေအပြန်လမ်းရယ် ဘယ်မှာလဲ
ဘယ်သူကြိုလင့်မယ် ဘယ်ဆီသို့ပြန်ရမယ်
ဘယ်ဆီက လာခဲ့ရ အဖြေမသိခဲ့
CHORUS
ကြွေချိန် ဘယ်တော့လဲ သိခဲ့သော သစ်ရွက်တွေလို
သေချိန် ဘယ်တော့လဲ သိခဲ့သော ငါသည်လည်း
ဘယ်ဆီ ပြန်ရမယ် ဘာတွေကြုံရဦးမယ်
ဘာရယ်မသိတဲ့ ငါ့လို လူတွေ ဘယ်သွားမယ်
(ကိုယ်တော်ကြိုလင့်မယ် ရွှေပြည်တော်စံရပ်ကို
မျှော်နေသော သိလူ ငါသည် ပြန်ရမယ်)
VERSE 2
မြင်နေသူတို့တွေ မြင်နေဆဲ ပြင်ဆင်သူတို့တွေ ပြင်ဆင်ဆဲ
ဘယ်မှာ ဘာရှိတယ် ဘယ်လိုတွေ့ကြုံရမယ်
နောင်လာကမ်းအတွက် မြင်ထားတဲ့ လူသားထဲ
ငါသည် သူတို့လို လက်တွေထဲ နေအိမ်ပြန်လမ်းလေ ကြိုနေဆဲ
ကိုယ်တော်ကြိုလင့်မယ် ယုံသူအတွက် အပြန်လမ်းရယ်
အိမ်တော်တံခါးဝ မြင်ရလို့ အဖြေသိခဲ့
No comments:
Post a comment
Note: only a member of this blog may post a comment.