တေးဆို - လေးလေးဝါး
VERSE
လက်မှာနှက်ခဲ့ သံမှိုချက်က ဘယ်သူ့ကြောင့်လဲ
ခေါင်းမှာ စွပ်ခဲ့ သရဖူဆူးခက် ဘယ်သူ့ကြောင့်လဲ
သွေးစက်များနဲ့ ဒဏ်ရာများက ဘယ်သူ့ကြောင့်လဲ
အပြစ်တင်စွဲချက် သေစေအမိန့်က ဘယ်သူ့ကြောင့်လဲ
CHORUS
ဘယ်သူ့ကြောင့်လဲ သခင်ဘုရားကို အငြိုးဖွဲ့
အသေသတ်စေအမိန့်နဲ့ ရက်စက်နိုင်တာ ဘာကြောင့်လဲ
ဒုစရိုက်အပြစ်ကို အကြွေးမထားဘဲ တိုင်တော်ထက်မှာအကျေပေးခဲ့
ဝိညာဉ်အသက်တွေ လွှတ်ရေးအတွက်
စည်းစိမ်တွေ စွန့်လွှတ် လောကကို ဆင်းသက်လာ အသေခံခဲ့
ပေးဆပ်တာ ဘာကြောင့်လဲ
ENDING
လက်မှာနှက်ခဲ့ သံမှိုချက်က ကျွန်ုပ်ကြောင့်ပဲ
ခေါင်းမှာ စွပ်ခဲ့ သရဖူဆူးခက် ကျွန်ုပ်ကြောင့်ပဲ
သွေးစက်များနဲ့ ဒဏ်ရာများက ကျွန်ုပ်ကြောင့်ပဲ
အပြစ်တင်စွဲချက် သေစေအမိန့်က ကျွန်ုပ်ကြောင့်ပဲ
No comments:
Post a comment
Note: only a member of this blog may post a comment.