တေးရေး - အယ်လ်ဇော်လ
တေးဆို - လေးလေးဝါး
VERSE 1
နေရာတကာမှာ မြင်ရတယ် ဘယ်နေရာမဆို ပွင့်လန်းတယ်
ပန်ဆင်လိုသူ လူတိုင်းအတွက် အချိန်တန်လေတိုင်း ပွင့်နေတယ်
ရောင်စုံခြယ်မှုန်းထားတဲ့ အလှပန်းချီ အဆင်းအရောင်ရယ် သင်းပျံ့တယ်
လေပြည်အဝှေ့မှာမြင်တယ် အတူပြိုင်ကာ ကနေသလိုကွယ်
VERSE 2
ကြွေချိန်တန်ရင်ကြွေရတဲ့ လူသူတကာဆွတ်ခူးတဲ့
မကြွေခင်မှာလေ တကယ်လှတဲ့ ဒီတစ်ပွင့်ပန်းအလှတွေရယ်
နေဒဏ်တွေကြောင့်များလား မသိတယ် မိုးဒဏ်တွေကြောင့်လား မသိတယ်
မြေပေါ်အပွင့်လိုက် လွင့်ကြွေတယ် တစ်နေ့တော့အလှတွေရယ် ကွယ်ပျောက်သွားခဲ့
CHORUS
ဒီအတိုင်းပဲ ဒို့တတွေ အချိန်တန်ရင်လေ ရှောင်မရပြီ
တစ်ပွင့်ပန်းလေးဘ၀လို တစ်နေ့နေ့ကျတော့ ပျက်ကြွေမည်
အချိန်မရောက်ခင်မှာလည်း ခူးဆွတ်ခြင်းကို ခံရမည်
ဒီအိုနာသေခြင်း မလွဲမသွေ ကြုံမည်
တစ်ပွင့်ပန်းလေး ဒို့ကို သေသေချာချာ မှာသွားပြီ
ပျက်စီးခြင်းသက်သေ လောကကြီးထဲ တွေ့မြင်မည်
လူသားတွေအကုန်လုံး ပျက်ကြွေချိန်တန်ရင်
ဘယ်သွားမလဲ သိစေချင်
(နောက်ဆုံးအချိန်မတိုင်သေး အသက်ရှင်နေစဉ်တွင်
အဖြေရွေးလိုက်ဖို့ လိုပြီ)
No comments:
Post a comment
Note: only a member of this blog may post a comment.