တေးရေး - သောမတ်(စ်)
တေးဆို - လေးလေးဝါး
VERSE 1
ဘယ်ဘုံ ဘယ်ကမ္ဘာ ဘယ်နေရာမှာ မရှိခဲ့
ဘယ်ပန်းချီယှဉ်မမှီ ဘယ်သူအံတုမလဲ
လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ပါတယ်
ဘယ်သူဖန်ဆင်းခဲ့ လက်ရာလဲ
VERSE 2
စိုပြေဝေဆာ ဒီကမ္ဘာမြေကြီးလည်း
မသာယာနိုင်ပါ ဒဏ်ရာဒဏ်ချက်နဲ့
လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု ပျောက်ဆုံးခဲ့ပါတယ်
ဘယ်လိုလူ ပယောဂလက်ချက်လဲ
CHORUS
လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ရင်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါတယ်
အထူးသိတဲ့ ၀ိညာဉ်ထည့်သွင်းလို့ ဖန်ဆင်းထားခဲ့
လူဆိုတာ ကမ္ဘာမှာ အမြတ်ဆုံးမို့
VERSE 3
ရန်လိုသူကို ရန်ပြန်မတုန့်နှင်းရ
ရန်သူကိုတောင် ညီအစ်ကိုလို ချစ်ကြ
မြင့်မြတ်တဲ့ ဘုရားသခင် လူသားတိုင်းကိုပြောခဲ့ပါတယ်
အဖြေရှာ လူသားချင်း အမျိုးတွေပဲ
ENDING
နှလုံးသားထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ပါရင်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါမယ်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါမယ်
No comments:
Post a comment
Note: only a member of this blog may post a comment.