တေးဆို - တာရာ
VERSE 1
အတောင်ပံကို ဖြန့်၍ မိုးမြင့်မြင့်မှာ ၀ဲပျံလေဦးပေါ့ ငှက်ကလေးရယ်
တစ်ချိန်ချိန်မှာတော့ မင်းအတောင်ညောင်းခဲ့ရင် နီးစပ်ရာ ခိုနားမိမှာစိုး
သေအောင်ပစ်ခွင်းမယ့် လေးသမားလက်ချက် ထိပါရင် ဘ၀ပျက် ကြွေလွင့်မယ်
မြေပြင်ဆီသို့ ကျလာမယ့်အရေးကို တွေးကြည့်ရင် ဖြည်ရေးမခက်သည်မို့
CHORUS
အချိန်မလွန်ခင် သတိရသင့်သော မိုးထိမာန အစွန်းတစ်ဖက် မရောက်ခင်
ချော့မော့သူကို တံခါးနားယောင်လို့ ဘ၀ပျက်သူ မင်းအပေါင်းအသင်းတွေ
ရှိခဲ့ပြီဆိုတာကို မင်းနားလည်ဖို့ ဒို့သတိပေးပါရစေ
မနှောင်းသေးခင် နောင်တရပါလို့
VERSE 2
ဂုဏ်ယူစရာမင်းရဲ့ ဦးခေါင်းထက်က အလှမာန်တွေ ၀င်းတဲ့ ချိုခက်တွေ
တစ်ချိန်ချိန်မှာတော့ ဆူးချုံထဲငြိရင် အပြေးခက်မယ် သမင်အမိုက်ဘ၀ပုံမျိုး
အန္တရာယ်တွေပေါတဲ့ တောနက်နက်မှာ သားကောင်ကို ဖြတ်မယ့် မုဆိုးတွေ
ကျင်လည်နေလို့ ရှိနေခဲ့ဘ၀ကို ထိန်းသိမ်းပါ အကြွေစောသွားမှာစိုး
No comments:
Post a comment
Note: only a member of this blog may post a comment.