တေးရေး - အယ်လ်ဇော်လ
တေးဆို - အိအိဖြူ
VERSE 1
စိတ်နှလုံးဖြူစင်စွာ ခံယူထား သမ္မာတရားအတွက်
အချိန်တွေ မနှောင်းသေးဘူး ပြင်ဆင်ထား နှလုံးသားလေးကို
သမ္မာတရားရဲ့ သွန်သင်ချက်တွေ ဆင်ခြင်ကာ
သခင်ဘုရားရဲ့အကွယ်အကာအောက်မှာ
ပူလောင်လွန်းတဲ့ လောကကြီး ဆောင်ယူကာ
ဘ၀လမ်းခရီးကို သမ္မာတရားဖြင့် အနိုင်ယူကာ ငြိမ်းချမ်းစေပါ
CHORUS
ဝိညာဉ်သဘောရှိတဲ့ အနှိုင်းမဲ့တဲ့ ပျိုရွယ်ချိန်ခါ
ဝင်းမှည့်တဲ့ ဘုရားရဲ့ လယ်ပြင်မှာ
စိုပြေသွားစေဖို့ ယုံကြည်ခြင်း မျှော်လင့်ခြင်း အမြဲခံယူထားကာ
ဝိညာဉ်သဘောရှိတဲ့ ပျောက်ဆုံးသောဝိညာဉ်တွေ
ကြီးမြတ်တဲ့ ဘုရားရဲ့မေတ္တာကို
ယုံကြည်သွားစေဖို့ ကြင်နာခြင်း စာနာခြင်း အမြဲဆောင်ကာ ဟောမယ်
သခင်ယေရှုရဲ့ သက်သေကောင်းများ ဖြစ်စေမယ်
VERSE 2
ညီညာစုစည်းမှုနဲ့ လူငယ်များ ဇာတိအား အနိုင်ယူလျက်သာ
မှောင်မိုက်ခြင်းအား ပယ်ကာရှောင် အလင်းအဖြစ်နဲ့သာ
ခန္ဓာ စိတ် ၀ိညာဉ် အသက်တာ ပြင်ဆင်ကာ
ဝိညာဉ်ဘုရားရဲ့အလိုတော်အောက်မှာ
ကိုယ်ကိုနှိမ့်ချအပ်နှံလျက် လူငယ်ရယ်
မှတ်ကျောက်သမိုင်းမှာ ရှင်သန်ကာ နိုးကြားစို့
သခင်ဘုရားအတွက် အသင့်ရှိစေပါ
No comments:
Post a comment
Note: only a member of this blog may post a comment.