ကိုယ်တော်ရဲ့ရင်ခွင်တော်ထဲမှာ

>>>Download

တေးဆို - ရတနာဦး

VERSE 1
ခဏလေးခွဲခွါ သွားရမယ့် ဒီအချိန်မှာ
ကြေကွဲစိတ်တွေ တားမရပါ
အတူတူ လောကခရီးအလယ်မှာ
လျှောက်ခဲ့ရတာရယ် မမေ့နိုင်
ကမ္ဘာမြေရဲ့ နေ့ရက်တွေ အို နှုတ်ဆက်သွားပြီပဲ

VERSE 2
သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ ဒီအချိန်မှာ
မိသားစုတွေ နှလုံးသားမှာ
ပြန်လည် တမ်းတမိကာရယ် နှုတ်ဆက်မျက်ရည်တွေ
အသည်းမှာ ကမ္ဘာမြေကြီး လောကအလယ်
သူထားရစ်ခဲ့ပြီပဲ

CHORUS
အငိုမျက်ရည်တွေကြားမှာ အိုးအဖရဲ့ ဂတိတွေ
အိမ်ကိုပြန် ပြန်သွားနှင့်တာပါ
ပြင်ဆင်ထားတဲ့ အိမ်တော်မှာ စောင့်မျှော်နေမယ်
ကိုယ်တော်ရဲ့ရင်ခွင်တော်ထဲမှာ

VERSE 3
ထာဝရအေးမြ အဖရဲ့ ရင်ခွင်မှာ
ပူဆွေးစိတ်တွေ ဝေးလို့ကွာ
အကြင်နာ ကင်းမဲ့တဲ့ ဒီကမ္ဘာ ထားရစ်ခဲ့တာလေ
အသွားမှာ ဒဏ်ရာများ ငြိမ်းအေးမှာ
အဖရဲ့နန်းတော်မှာ


No comments:

Post a Comment

Note: only a member of this blog may post a comment.