တေးဆို - H. ဂျိုးဇက်အောင်
VERSE 1
ကမ္ဘာဦးအစ လူသားဘ၀ ၀ိညာဉ်သားအတိုင်း ထုဆစ်တာ
သူ့ရဲ့အလိုအတိုင်း အသက်ရဲ့တန်ခိုးကို ဖော်ဆောင်နိုင်ဖို့ပါ
ဤနေ့ရက် သင်နှင့်ကျွန်ုပ် ဒီသီချင်းကျူးဧရင်းနဲ့
အဖဘုရားရဲ့အလိုအတိုင်း ဆက်ကပ်စို့နော် ဧဒင်သစ်ကလေးမှာ
VERSE 2
ရည်စူးရင်း သခင်ဘုရားအတွက် ကိုယ်တတ်စွမ်းသလောက်ပေးဆပ်ပါ
နေ့သစ်ဘ၀ရဲ့လမ်းမထက်မှာ ဇိမ်ခံနိုင်ဖို့ရာ
ခွန်အားများ ဥာဏ်အစွမ်းများ အချိန်တွေတိုင်းလည်း ဘုရားအရိပ်မှာ
အုပ်စိုးပိုင်သော သခင့်ရဲ့အခွင့်နဲ့ တည်စေဖို့အတွက်ပါ
CHORUS
ဝေးကွာသူကို ဘုရားနယ်နိမိတ်ထဲ သွေးဆောင်နိုင်ဖို့ရန်
နှုတ်ကပတ်တရားသာ မှန်သော လမ်းစဉ်ပါ
အနီးမှ အနီးလေး ဘုရားရဲ့မေတ္တာတွေ ရှိရာဆီတွဲခေါ်
လမ်းမှန်ရှာသူတွေအတွက်ကို
သခင်ခင်းထားတဲ့ ရွှေခရီးလမ်းဟာ အနီးလေးပဲ
စိမ်းလန်းသော ဧဒင်သစ်ကလေးဆီကွယ်
No comments:
Post a comment
Note: only a member of this blog may post a comment.