တေးဆို - မီးမီးခဲ
VERSE 1
ကြုံတွေ့သမျှအရာ ဆုံးဖြတ်ချက်တိုင်းမှာ
သမ္မာတရားလမ်းမှ လွဲနေမလား
စကားပြောဆို နှုတ်မြွက်လေတိုင်းမှာ
သေခြင်းတရား စိုးမိုးနေလား
CHORUS
အမုန်းမီးများ ငြိမ်းသတ်ပစ်လိုက်ပါ
ကျေးဇူးတရား အမြဲတမ်း ဦးထိပ်ပန်ထား
VERSE 2
မာရ်နတ်သွေးဆောင် ဖြားယောင်းမှုတိုင်းကို
သမ္မာတရားအလင်းနဲ့ ဝှေ့နှင်ပါ
မှောင်မိုက်တန်ခိုးကို ဘ၀မှဖယ်ရှားလို့
ယေရှုခရစ်ကို ၀တ်ဆင်ပါ
BRIDGE
စိတ်ပျက်ချိန်တိုင်း ရှုံးနိမ့်ချိန်တိုင်း
ဘုရားမြတ်ရှင်ကို အောက်မေ့ပါ
ရွေးနှုတ်ရှင်ကို ကိုးစားယုံရင်
ကျေးဇူးသာတင်လိုက်ပါ တင်နိုင်မလား တင်နိုင်မလား
No comments:
Post a comment
Note: only a member of this blog may post a comment.