ဆို - ချောစုခင်
VERSE 1
ကောင်းကင်မြေပြင်ဟာ သူဖန်ဆင်းထားတဲ့အရာ လူတွေရယ် သက်ရှိများ
စကြာဝဠာတစ်ခုလုံး ရောင်စဉ်များပေးခဲ့တာ သူ့ရဲ့မေတ္တာတန်ခိုးများ
ဒါကိုမေ့ရက်လို့နေလား ကောင်းကြီးများပေးတာ
ဒို့အတွက်တော့ ပြည့်စုံပြီ
VERSE 2
စားစရာနေစရာနဲ့ အချိန်မှန်စားသောက်ခွင့်ကို ကိုယ်တော်ရှင်က ပေးနေတာ
ကောင်းကင်နိုင်ငံအတွက် အို ထာဝရအသက်ပေးတယ် ချီးမွမ်းလို့ကုန်နိုင်ဦးမလား
ဒီလိုကျေးဇူးမေတ္တာများ သတိရလို့ နားလည်ပါ
ပေးဆပ်ဖို့အချိန်ရှိတုန်းမှာ
CHORUS
ကရာနီမှာ သွေးစွန်းခဲ့သော ကယ်တင်ခြင်းရဲ့နေ့ကို သတိရပါ
ဒီမြေမှာ အပြစ်တွေ လွှမ်းခြုံထား အသွေးနဲ့ရွေးကာ ကယ်ခဲ့ပြီ
ကိုယ်တော်ရှင်စွန့်လွှတ်ခဲ့သော အရာရာတိုင်းက ဒို့တတွေအတွက် မဟုတ်လား
ဒီအချိန်မှာ ပြောင်းလဲဆက်ကပ်ရင်း ဆင်ခြင်ကြစို့လား
ကိုယ်တော့်အတွက်ပါ
No comments:
Post a comment
Note: only a member of this blog may post a comment.